Live
Home
အထွေထွေ
အကြွေးပမာဏ ကန့်သတ်ချက် အချိန်မြှင့်ရေး သဘောတူရန် အိုဘားမား တိုက်တွန်း
DVB
·
October 13, 2013
လွှတ်တော်ထဲက ဖြေရှင်းလို့ မရသေးတဲ့ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းကို အဖြေရှာဖို့ အချိန် ၅ ရက်ပဲ ရှိတော့တာကြောင့် အမေရိကန်နိုင်ငံရဲ့ အကြွေးပမာဏ ကန့်သတ်ချက်ကို အချိန်ပိုကြာအောင်မြှင့်ဖို့ သဘောတူဖို့ ရီပတ်ဘလီကန် ဥပဒေပြုလွှတ်တော်အမတ်တွေကို သမ္မတ အိုဘားမားက မနေ့က တိုက်တွန်းလိုက်ပါတယ်။ [caption id="attachment_44726" align="alignleft" width="300" caption="အမေရိကန် သမ္မတ အိုဘားမား"][/caption] သမ္မတ အိုဘားမားနဲ့ အောက်လွှတ်တော်ကို ချုပ်ကိုင်ထားတဲ့ ရီပတ်ဘလီကန်တွေအကြား အစိုးရအသုံးစရိတ်တိုက်ပွဲကြောင့် အစိုးရလုပ်ငန်းတွေ ရပ်နားထားရတာ ၁၂ ရက်ရှိသွားပြီဖြစ်ပြီး ထောင်နဲ့ သောင်းနဲ့ ချီတဲ့ နိုင်ငံဝန်ထမ်းတွေဟာ အလုပ်ကနေ လစာမဲ့ ခွင့်ပေးတာ ခံထားရပါတယ်။ တကယ်လို့ လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့အမီ ချေးငွေပမာဏ အကန့်အသတ်ကို မမြှင့်နိုင်ဘူးဆိုရင်တော့ ဒါဟာ အမေရိကန်နိုင်ငံကို အကြွေးဆပ်ဖို့ ပျက်ကွက်တဲ့နိုင်ငံအဖြစ် သမိုင်းတွင်သွားစေမယ့် အန္တရာယ်ရှိနေစေပါတယ်။စီးပွားရေး ကျဆင်းလာမယ့်အခြေအနေ ရှိနေတာကြောင့် သမ္မတ အိုဘားမားနဲ့ ရီပတ်ဘလီကန်လွှတ်တော်အမတ်တွေဟာ အကြွေးပမာဏအကန့်အသတ်ကို ဘယ်လောက် ကြာကြာ တိုးချဲ့မလဲဆိုတဲ့အပေါ်မှာ သဘောတူညီမှုရဖို့ ကြိုးစားနေကြပါတယ်။ ရီပတ်ဘလီကန်တွေကတော့ အကြွေးပမာဏ အကန့်အသတ်တိုးချဲ့တာကို ၆ ပတ် အထိ ခွင့်ပြုချင်နေပါတယ်။ ဒါပေမယ့် သမ္မတအိုဘားမားကတော့ အားလပ်ရက် ဈေးဝယ်ထွက်တဲ့ရာသီမှာ အမေရိကန်ရဲ့ စီးပွားရေးကို မထိခိုက်စေဖို့ အကြွေးပမာဏ အကန့်အသတ် တိုးချဲ့တာကို အချိန်ပို ကြာကြာ လိုချင်တယ်လို့ မနေ့က ပြောတဲ့မိန့်ခွန်းထဲမှာ ရှင်းရှင်းပြောခဲ့ပါတယ်။ တချို့ အကြံပေးကြသလို အကြွေးပမာဏ အကန့်အသတ်ကို ၂ လ မြှင့်ပြီးတော့ အားလပ်ရက် ဈေးဝယ်ထွက်တဲ့ရာသီကြီးထဲမှာ မကြုံစဖူး အကြွေးပေးဖို့ ပျက်ကွက်မဲ့ကိစ္စကို စဉ်းစားဆိုတဲ့ဟာက အမြော်အမြင်ရှိတာ ဖြစ်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောသွားပါတယ်။ အမေရိကန်ဟာ အောက်တိုဘာ ၁၇ ရက်နေ့ မတိုင်ခင်မှာ သူ့ရဲ့ ချေးငွေပမာဏ အကန့်အသတ် ဖြစ်တဲ့ ၁၆ ဒဿမ ၇ ထရီလီယံကို ရောက်ဖို့ ရှိနေတယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဂျက်လျူ (Jack Lew) ကလည်း သတိပေးထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024