စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရပြီး ဒုတိယမြောက်နေ့မှာတော့ ပဲခူးမြို့မှာ နေရာ နှစ်နေရာခွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း လူထုလှုပ်ရှားမှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြပါတယ်။
တစ်ဖွဲ့မှာလူ အင်အားထောင်ချီပါဝင်တဲ့အဖွဲ့ နှစ်ဖွဲ့က ပဲခူးရွှေမော်ဓောဘုရားဘက်ခြမ်းမှာ တစ်ဖွဲ့နဲ့ မဇင်း ၁ လမ်းထိပ်ဘက်ခြမ်းမှာ တစ်ဖွဲ့ နေရာခွဲပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။
ဆန္ဒပြပွဲမှာ ဗကသ၊ တကသ ကျောင်းသားတွေ၊ ဝန်ထမ်းပေါင်းစုံသမဂ္ဂအဖွဲ့တွေ၊ အရပ်ဘက် အဖွဲ့စည်းတွေပါဝင်ကြပြီး ပြည်သူ့အာဏာ ပြည်သူ့ထံပြန်မရောက်မချင်း ဆက်လက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့ ဆန္ဒပြပြည်သူတွေက ပြောပါတယ်။