Homeမြန်မာသတင်း
ကလေးမြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ သပိတ်စစ်ကြောင်းများက စစ်တပ်နှင့်ရဲတပ်ဖွဲ့ကို ပိတ်ဆို့ဆန္ဒပြနေ
ကလေးမြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ သပိတ်စစ်ကြောင်းများက စစ်တပ်နှင့်ရဲတပ်ဖွဲ့ကို ပိတ်ဆို့ဆန္ဒပြနေ
DVB
·
March 2, 2021
စစ်အာဏာရှင်ဆန့်ကျင်ရေး မတ်လ ၂ ရက်နေ့ ကလေးမြို့ သပိတ်စစ်ကြောင်းကို မြို့ လမ်းဆုံမှာ တပ်နဲ့ ရဲက မီးခိုးဗုံး၊ ရေကားတွေနဲ့ တားဆီးဖြိုခွင်းခဲ့ပါတယ်။
အင်အား သိန်းချီရှိတဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲ အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ ဖြိုခွင်းခဲ့တာာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကလေးသပိတ်စစ်ကြောင်းတွေနဲ့ ရပ်ကွက်နေပြည်သူတွေ လမ်းဆုံမှာ လေးဖက်လေးတန်ပိတ်ဆို့ပြီး ဆန္ဒပြနေကြပါတယ်။
မီးခိုးဗုံး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေ အခြေအနေ မသိနိုင်သေးပါဘူး။