Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ဖမ်းဆီးခံရသည့် သတင်းထောက် ၁ ဦးနှင့် အရပ်သား ၇၀ ကျော်ပြန်လွတ်
DVB
·
March 1, 2021

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်က ဖမ်းဆီးခံရတဲ့ ဆန္ဒပြ အရပ်သား ၇၂ ယောက်နဲ့ သတင်းဓာတ်ပုံရိုက်ကူးနေတဲ့ သတင်းထောက်တစ်ယောက်ကို  မနေ့ည ၈ နာရီကျော်မှာ ရဲစခန်းက  ပြန်လွှတ်ပေးလိုက်ပါတယ်။

မြစ်ကြီးနားခရိုင် ရဲမှူးတင်ဖေဝင်းက “ရိုးရိုးသားသားဆန္ဒပြတဲ့  ၇၂ ယောက်ကို ဒီနေ့ညမှာ ပြန်လွှတ်လိုက်တာပါ။ မသင်္ကာစရာ သက်သေခံပစ္စည်းတွေ (ဂျင်ဂလိ) တွေ့တဲ့သူတွေကိုတော့ အရေးယူသွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ပြန်လွတ်လာတဲ့ အမျိုးသား ၃၆ ယောက်၊ အမျိုးသမီး ၃၆ ယောက်ကို ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးတာဖြစ်ပြီး ကျန် ၉ ယောက်ကိုတော့ အရေးယူခံရနိုင်တယ်လို့ ပြန်လွတ်လာဖို့ ကြိုးပမ်းပေးနေတဲ့ အဖွဲ့အစည်းတစ်ခုထံကနေ သိရပါတယ်။

မနေ့က ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သတင်းထောက်ကတော့  ကချင်ပြည်နယ် အခြေစိုက် The 74 မီဒီယာမှ သတင်းထောက်တစ်ယောက် ဖြစ်ပါတယ်။ 

မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်က အောင်နန်းရပ်ကွက် အ.ထ.က (၃) ကျောင်းအနီးမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို ရဲနဲ့စစ်တပ်က သေနတ်နဲ့ပစ်ခတ်၊   မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်မှာ ခေါင်းပေါက်သူနဲ့  နံပါတ်တုတ်နဲ့ အရိုက်ခံထားရလို့ ဒဏ်ရာရရှိထားသူ ၅ ဦးထက်မနည်းရှိပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024