ဆိုင်ကလုံးမုန်တိုင်း အားပျော့ပျက်ပြယ်သွားမည် – မိုးဇလ
DVB
·
October 13, 2013
မနေ့ည မြန်မာစံတော်ချိန် ည ၁၁ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဖိုင်လင်းအမည်ရ ဆိုင်ကလုန်းမုန်တိုင်း(PHAILIN)သည် အိန္ဒိယနိုင်ငံ အန်ဒရာပါရာဒတ်ရှ် မြောက်ပိုင်းကမ်းခြေနဲ့ ဩရိသျှကမ်းခြေကို ဂိုပါလ်ပူရ်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက် တဖြည်းဖြည်း အားပျော့ပျက်ပြယ် သွားမည်ဟု ခန့်မှန်းရပါသည်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော် တွင် တိမ်ထူထပ်နေပါသည်။