ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းပြီး ဖမ်းဆီးခေါ်ဆောာင်သွားတဲ့ ပြည်သူရာချီကို ပြန်လွှတ်ပေးဖို့ အင်းစိန်ထောင်ရှေ့မှာ ပြည်သူအချို့နဲ့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်အာဏာရှင်အလိုမရှိကြောင်း ရန်ကုန်မြို့က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ပြည်သူ ၃၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။
အဖမ်းခံရတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ မနေ့ညနေပိုင်းက ဆန္ဒပြပြည်သူတွေနဲ့ မိသားစုဝင်တွေက တောင်းဆိုခဲ့ကြသလို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာလည်း မနက်ကတည်းကနေ ညနေပိုင်းအထိ အင်းစိန်ထောင်ရှေ့မှာ ပြည်သူအချို့နဲ့ မိသားစုဝင်တွေက လာရောက်တောင်းဆိုနေကြတာပါ။