အာဖဂန်နစ်စတန်တွင် ဗုံးပေါက်ကွဲ လူ ၃ ဦးသေပြီး ၆ ဦး ဒဏ်ရာရ

အာဖဂန်နစ်စတန်နိုင်ငံ အရှေ့ပိုင်း Jalalabad မြို့က ရဲဌာနချုပ်အပြင်မှာ အောက်တိုဘာလ ၁၂ရက်နေ့က ပေါက်ကွဲမှုတခုဖြစ် ခဲ့တာကြောင့် လူသုံးယောက်သေပြီး ၆ယောက်ဒဏ်ရာ ရခဲ့ပါတယ်။ အသေခံဗုံးခွဲသမားဟာ  ဖောက်ခွဲရေးပစ္စည်းတွေတင်လာတဲ့ကားနဲ့ ဖောက်ခွဲပစ်ခဲ့တာဖြစ် ပြီးတော့ ဗုံးခွဲသူလည်းပေါက်ကွဲမှုထဲမှာ သေသွားတာမို့ သေဆုံးသူ ၄ယောက်ဖြစ် သွားတယ်လို့ ရဲတွေကပြောပါတယ်။ သေသွားတဲ့အထဲမှာ အရပ်သားတယောက်ပါတယ်လို့ Jalalabad ရဲချုပ် Fazil Ahmad Shirzad က ပြောပါတယ်။ “ဒီနေ့ အသေခံတိုက်ခိုက်မှုမှာ အာဖဂန်ရဲနှစ်ယောက်နဲ့ အရပ်သားတယောက်သေသွားပါ တယ်။ တခြား ရဲနှစ်ယောက်နဲ့အရပ်သား ၄ယောက် ဒဏ်ရာရသွားပါတယ်”လို့ သူပြော သွားတာပါ။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်သူ ဘယ်အဖွဲ့ကမှ သူတို့လုပ်တာလို့ မပြောသေးပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry အာဖဂန်ကိုရောက်ပြီး နောက်တနေ့မှာ အခုလိုဖြစ်တာပါ။ John Kerryဟာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ အမေရိကန် အာဖဂန် နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ထိုးဖို့ သမ္မတ Hamid Karzai နဲ့ အကြို လာဆွေးနွေးတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up