မန္တလေးမြို့မှာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) စစ်ကြောင်း ဦးဆောင်ပြီး ကျောင်းပေါင်း ၁၈ ကျောင်းနဲ့အတူ ဝန်ထမ်းပေါင်းစုံသပိတ်မှောက်စစ်ကြောင်းဟာ အင်အား သိန်းနဲ့ချီပြီး ဖေဖော်ဝါရီ ၂၈ ရက်က အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ ကြပါတယ်။
မန္တလေးရှိ ဒီဂရီကောလိပ်၊ နည်းပညာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ် ကျောင်းဆရာ ဆရာမများသမဂ္ဂ၊ အင်ဂျီနီယာတွေ၊ အလုပ်သမားတွေ အလွှာအသီးသီးက ပြည်သူလူထုတွေက စစ်အာဏာရှင်အလိုမရှိကြောင်းသပိတ်ခဲ့ကြပြီး ဖမ်းဆီးခံခေါင်းဆောင်တွေလွှတ်ပေးဖို့နဲ့ CDM မှာပါဝင်ကြဖို့ တောင်းဆိုကြပါတယ်။
သပိတ်စစ်ကြောင်းဟာ ချမ်းမြသာစည် မြိုနယ် ၆၂ လမ်း၊ ၁၀၉ လမ်းကစတင် ချီတက်သပိတ်မှောက်ခဲ့ပြီး ၆၂ လမ်း မနော်ဟရီလမ်းဂွဆုံမှာ ထိုင်သပိတ် ဆက်ပြုလုပ်ခဲ့ကြပါတယ်။