မန္တလေးမြို့မှာ ဆန္ဒပြပြည်သူလူထုကို စစ်တပ်နဲ့ ရဲက မျက်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေ သုံးကာ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းရာမှာ ပြည်သူ ၁ ယောက် ဦးနှောက်ပွင့်ထွက်သေဆုံးခဲ့ပြီး ဆန္ဒပြသူ တချို့ ဒဏ်ရာရရှိသွားပါတယ်။
ဒီနေ့ နေ့လယ် ၂ နာရီ ထိုးခါနီးအချိန် ၆၄-၆၅ လမ်းကြား၊ ၄၁ လမ်းမှာ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူတစ်ဦး ဦးနှောက်ပွင့်ထွက်သွားတယ်လို့ သိရပါတယ်။
ရဲနဲ့ စစ်တပ်က နေ့လယ် ၂ နာရီခွဲအထိ မျက်ရည်ယိုဗုံးနဲ့ ကျည်အစစ်သုံးကာ ဆက်လက်ပစ်ခတ်ဖြိုခွင်းနေပြီး လူအချို့ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ပုဂ္ဂလိက ဆေးရုံတစ်ရုံကိုလည်း ပစ်ခတ်ခဲ့တာကြောင့် ပရဟိတအသင်းသားတစ်ဦး ကျည်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာသူတွေကို ပရဟိတအသင်းတွေက အရေးပေါ် ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။
ထိန်ထိန်လင်း