ဆီးရီးယားတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရ OPCW အဖွဲ့ ဓာတုဗေဒ ရှင်းလင်းရေး ဆက်လက်ပြုလုပ်

ငြိမ်းချမ်းရေးနိုဘယ်ဆုရ ဓာတုလက်နက်ပိတ်ပင်တားဆီးရေးအဖွဲ့က ကျွမ်းကျင်သူတွေ ဟာ အောက်တိုဘာလ ၁၂ရက်နေ့ စနေနေ့မှာ ဆီးရီးယားနိုင်ငံက သူတို့ရဲ့အလုပ်တွေကို ဆက်လုပ်ဖို့ သူတို့တည်းတဲ့ Damascus မြို့က ဟိုတယ်ကနေ ထွက်ခဲ့ကြပါတယ်။ နယ်သာလန်နိုင်ငံ Hague မြို့ အခြေစိုက် ရံပုံငွေအတော်အသင့်ပဲရှိတဲ့ အဖွဲ့ငယ်လေးဖြစ်တဲ့ ဓာတုလက်နက်ပိတ်ပင်တားဆီးရေးအဖွဲ့ OPCW ဟာ ဩဂတ်လတုန်းက ဆီးယီးယားနိုင်ငံ Damascus မြို့မှာ ဆာရင်းဓါတ်ငွေ့သုံး တိုက်ခိုက်တာခဲ့ကြောင့် လူ ၁၄၀၀ ကျော်သေခဲ့ရ အပြီးမှာ အဲ့ဒီကို ကျွမ်းကျင်သူတွေ လွှတ်ခဲ့တာပါ။ ဆီးရီးယားပြည်တွင်းစစ်ဖြစ်နေတဲ့နေရာတွေမှာ ဓာတုလက်နက်တွေ ရှင်းလင်းရေးလုပ်နေတာကြောင့် အဲ့ဒီအဖွဲ့ဟာ အောက်တိုဘာလ ၁၁ ရက်နေ့ သောကြာနေ့မှာ ၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့ပါတယ်။ သူတို့ရဲ့ ဆီးရီးယားဓာတုလက်နက်ဖျက်ဆီးရေး လုပ်ငန်းတွေဟာ ၂၀၁၄ ခုနှစ် နှစ်လည် လောက်အထိ ဆက်လုပ်ကြရမှာပါ။ အမေရိကန်နဲ့ ရုရှားတို့ရဲ့ သဘောတူညီချက်အရ ဆီးရီးယားအစိုးရဟာ သူ့ရဲ့ ဓာတုလက် နက်တွေကိုး ကိုလအတွင်း အပြီးဖျက်ဆီးပြစ်ဖို့ ပြီးခဲ့တဲ့လက ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂကျောထောက်နောက်ခံရှိတဲ့ ဓာတုလက်နက်ပိတ်ပင်တားဆီးရေးအဖွဲ့ OPCW အဖွဲ့ဝင်တွေဟာ ဆီးရီးယားနိုင်ငံမှာ ဩဂတ်လ ၂၆ရက်နေ့တုန်းက sniper နဲ့ ချောင်းပစ်ခံခဲ့ရ ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up