Home
မြန်မာသတင်း
ရွေးကောက်ပွဲ စောစောကျင်းပမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ပြောဆို
DVB
·
October 11, 2013
လာမယ့် အထွေထွေရွေးကောက်ပွဲကို စောစော ကျင်းပပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။ [caption id="attachment_44734" align="alignleft" width="300" caption="ဦးတင်အေး"][/caption] ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေနဲ့ ဒီနေ့တွေဆုံစဉ်မှာ လာမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို စောစော ကျင်းပပေးမယ်လို့ ထည့်သွင်းပြောဆိုလိုက်တာပါ။ ဦးတင်အေးက “လွှတ်တော် သက်တမ်း ၅ နှစ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပါတယ်။ ဒါကြောင့် ၂၀၁၆ ဇန်န၀ါရီ ၃၀ မှာ ၅ နှစ်ပြည့်ပေမယ့် ကျနော်နားလည်ထားတာက လွှတ်တော်သက်တမ်း ၅ နှစ်မပြည့်ခင် ဒုတိယအကြိမ် လွှတ်တော် ကျင်းပပေးနိုင်အောင် ရွေးကောက်ပွဲ ကျင်းပပေးရမယ်။ ဒါကြောင့် ကျနော့်အနေနဲ့ တတ်နိုင်သမျှ စောစောဖြစ်နိုင်အောင် ဘယ်နေ့ ကျင်းပမယ်ဆိုတာ ကျနော် ကြေညာပေးပါ့မယ်” လို့ ပြောပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအနေနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံရာမှာ ကြားဖြတ်ရွေးကောက်ပွဲ ထပ်မံမလုပ်ဖြစ်တဲ့အကြောင်း၊ ပါတီတွေ နိုင်ငံခြား အထောက်အပံ့မယူဖို့နဲ့ အထွေထွေရွေးကောက်ပွဲ ထပ်လုပ်မယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီတွေအနေနဲ့လည်း သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌကို ပြောဆိုဆွေးနွေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024