ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ ဒီနေ့မနက်အစောပိုင်း စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ရာမှာ ရဲ၊ စစ်သားများရဲ့ ဖြိုခွင်းမှုခံရပြီးနောက် မူအုပ်ဆရာမကြီးတစ်ဦး အပါအ၀င် အမျိုးသမီး နှစ်ဦးဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
သက်ဆိုင်ရာတွေက ဒုတိယအကြိမ် သတိပေးပြီးနောက် လူအုပ်စုခွဲပြန်နေချိန်မှာ အဖမ်းခံရတာဖြစ်ပြီး ငြီမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ ရှေ့နေများက အဆိုပါ ဖမ်းဆီးခံဆရာမတို့ လွတ်မြောက်ဖို့ ကူညီဆောင်ရွက်ပေးပေမယ့် ပြည်နယ်စီမံအုပ်ချုပ်ရေးက ဖွဲ့ထားတဲ့ ညိနှိုင်းဖျန်ဖြေရေးအဖွဲ့ မဟုတ်တာကြောင့် လက်မခံဘဲ မြစ်ကြီးနားထောင် ပို့လိုက်တယ်လို့ ဝိုင်းမော်ဒေသခံ ရှေ့နေ ဦးဂဲနက်စ်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဇုန်းကျန်း