အမေရိကန် အကြွေးအကျပ်အတည်း ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်

အချိန်ကြာမြင့်နေပြီဖြစ်တဲ့ အမေရိကန် အကြွေးကိစ္စအကျပ်အတည်းဟာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်တယ်လို့ ဥရောပဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌ Mario Draghi က မနေ့က ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီအကျပ်အတည်းပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ တကမ္ဘာလုံးက ယုံကြည်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်  အစိုးရရပ်ထားရတာဟာ နောက်ထပ် သတင်းပတ်တွေ ဒါမှမဟုတ် လနဲ့ချီ ကြာရင်လည်းကြာနိုင်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။ ဒီကိစ္စဟာ အမေရိကန် စီးပွားရေးကိုရော၊ ကမ္ဘာ့စီးပွားရေးကိုရော အကြီးအကျယ် ထိခိုက်နိုင်လိမ့်မယ်လို့ အောက်တိုဘာ ၁၂၊ ၁၃ ရက် ၀ါရှင်တန်မှာ ကျင်းပမယ့် နိုင်ငံတကာငွေ ကြေးရန်ပုံငွေ အဖွဲ့နဲ့ ကမ္ဘာ့ဘဏ်အစည်းအဝေးတွေတက်ဖို့လာရင်း New York စီးပွားရေးကလပ်မှာ ပြောသွားတာပါ။ အမေရိကန်နိုင်ငံမှာ သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး လာမယ့် ၂၀၁၄ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ်ကို လွှတ်တော်က အတည်မပြုနိုင်သေးတာကြောင့် အစိုးရ တစိတ်တပိုင်း ရပ်နားထားရတာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကတည်းကပါ။ အမေရိကန်အစိုးရဟာ အောက်တိုဘာ ၁၇ ရက်နေ့ မတိုင်ခင်မှာ သူ့ရဲ့ ချေးငွေပမာဏ အကန့်အသတ်ဖြစ်တဲ့ ၁၆.၇ ထရီလီယံ ကို ရောက်ဖို့ရှိနေပါတယ်။ သဘောထားကွဲနေတဲ့ လွှတ်တော်က အဲ့ဒီ အကန့်အသတ်ပမာဏကို မမြှင့်တင်နိုင်ဘူးဆိုရင် အကြွေးပေးဖို့ ပျက် ကွက်မယ့် အနေအထား ဖြစ်သွားနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up