စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြတဲ့ CDM ဝန်ထမ်းတွေကို ဆန်နဲ့ကုန်ခြောက်တွေ တပတ်စာကြိုက်သလောက်ယူ ပေးဝေနေတယ်လို့ သိရပါတယ်။
လူငယ်ပရဟိတအဖွဲ့နဲ့အမေများနေ့လူငယ် တီးဝိုင်းအဖွဲ့တို့က ဦးဆောင်အလှူခံပြီး ပေးဝေနေကာ ဝန်ထမ်းတစ်ဦးရဲ့မိသားစု တပတ်စာကုန်သလောက် ဆန်ကို အဓိကထားပေးဝေတာဖြစ်ပြီး အခြား ဟင်းချိုမှုန့်၊ ခေါက်ဆွဲခြောက် စတဲ့ကုန်ခြောက်မျိုးစုံလည်း ပါဝင်ပါတယ်။
တပတ်တကြိမ်ပေးဝေသွားမှာဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး အပါအဝင် အခြား ဌာနဆိုင်ရာ ဝန်ထမ်း စုစုပေါင်း ၈၅၀ ကျော်ကို ပေးဝေခဲ့တာလို့ သိရပါတယ်။
အောင်စံလင်း