Homeမြန်မာသတင်း
ဖမ်းဆီးခံ ဆန္ဒပြခေါင်းဆောင်များကို အမြန်ဆုံးလွှတ်ပေးရန် လားရှိုးမြို့ UN ရုံးရှေ့ ဆန္ဒပြ
ဖမ်းဆီးခံ ဆန္ဒပြခေါင်းဆောင်များကို အမြန်ဆုံးလွှတ်ပေးရန် လားရှိုးမြို့ UN ရုံးရှေ့ ဆန္ဒပြ
DVB
·
February 26, 2021
ဖမ်းဆီးခံဆန္ဒပြခေါင်းဆောင်များအား အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ UN က ကူညီပေးဖို့ လားရှိုးမြို့ UN စုပေါင်းရုံးရှေ့မှာ မြို့ခံပြည်သူတွေက ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ကျောင်းသားလူငယ်အများစုက ဦးဆောင်ပြီး ရှမ်း၊ တအာင်း(ပလောင်)၊ ကချင်၊ ဝ၊ မြန်မာ စတဲ့ လူမျိုးစုံ အင်အား ၂၀၀ လောက် ပါဝင်ဆန္ဒပြခဲ့ကြတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်တဲ့ ကာလ ၂၆ ရက်မှာ ဖမ်းဆီးထားသူ စုစုပေါင်း ၁၄ ယောက်ထိရှိနေပြီး တယောက်မှ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။
နန်းငြိမ်းလုံ