ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဦးဆောင်သူတွေနဲ့ သတင်းသမားအချို့ကို အမှုဖွင့်တာ၊ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေ လုပ်နေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်မှုတွေဟာ အရှိန်မပျက် ဆက်လက် ပြုလုပ်နေကြပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ “သွေးမအေးကြေး မြို့လုံးကျွတ် ထွက်ပေး" အစီစဥ်နဲ့ ဒေသအတွင်းက တိုင်းရင်းသားပြည်သူတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေ၊ သောင်းချီကမြို့အတွင်း လှည့်လည်ကာ စစ်အာဏာရှင်အလိုမရှိကြောင်းကို ဆန္ဒထုတ်ဖော်ခဲ့ ကြတာ ဖြစ်ပါတယ်။
ကျောင်းဆရာတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ်တွေက မြို့မစျေးထိပ်မှာ စုဝေးဟောပြောခဲ့ကြပြီ ငြိမ်းချမ်းစွာလူစုခွဲခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်