မကွေးတိုင်းဒေသကြီး ချောက်ရေနံမြေက အထွေထွေပင်မသပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကျေးလက်လူထုတွေနဲ့ မြို့ပေါ်ရပ်ကွက်စုံပါဝင်တာကြောင့် မြို့နယ်လုံးဆိုင်ရာ သပိတ်စစ်ကြောင်းအဖြစ် အသွင်ပြောင်းအင်အားကောင်းလာနေပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်ဖြစ်တဲ့ ဒီကနေ့မနက်ပိုင်းမှာလည်း သခင်ဖိုးလှကြီး နယ်မြေ အင်ဂျင်နီယာတပ်ပေါင်းနဲ့ မြိုနယ်လျှပ်စစ်အဖွဲ့ကို မြို့နယ်လူထုက CDM ထောက်ပံ့ငွေ ၃ သိန်းစီလည်း ပေးအပ်ခဲ့ပါတယ်။
ချောက်ရေနံမြေ အထွေထွေသပိတ်စစ်ကြောင်းဟာ ဒီကနေ့မှာဆိုရင် အကြိမ် ၂၀ မြှောက်ဖြစ်ပြီး ချောက်မြို့မဈေး ပိတ်ရက်ဖြစ်သလို ကျေးလက်နေပြည်သူတွေ လာရောက်ပူးပေါင်း မှုကြောင့် အင်အား သိန်းချီရှိပါတယ်။