အင်းလေး ဖောင်တော်ဦး ဘုရားပွဲ (ဓာတ်ပုံ)
DVB
·
October 11, 2013
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေး ဒေသရှိ နှစ်စဉ်ကျင်းပ မြဲဖြစ်တဲ့ ဖောင်တော်ဦး ဘုရားပွဲ ကျင်းပနေပါတယ်။ အောက်တိုဘာလ ၅ ရက်ကနေ ၂၂ ရက်နေ့အထိ အင်းလေးဒေသရှိ ၂၁ ဌာနကို လှည့်လည် အပူဇော်ခံမှာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ညောင်ရွှေမြို့ကို ကြွရောက်ပြီး ၃ ရက်ကြာအပူဇော်ခံမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့မှာ စံကျောင်းတော်ဝင်ပွဲကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။ Read more