A d v e r t i s e m e n t With Us

စစ်အာဏာရှင်ဆန့်ကျင်ရေး ရွှေဘိုသနပ်ခါးအသင်းက ပြည်သူနှင့်အတူ သနပ်ခါးတိုက်ပွဲဆင်နွှဲ‌

စစ်ကိုင်းတိုင်း ရွှေဘိုမြိုနယ်က သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက  စစ်အာဏာရှင် ဆန့်ကျင်တဲ့အနေနဲ့ သနပ်ခါးတိုက်ပွဲကို ဒီနေ့မနက်ပိုင်းက ဆင်နွှဲခဲ့ကြပါတယ်။

တပိုတွဲလပြည့်နေ့ကို သနပ်ခါးနေ့အဖြစ် နှစ်စဥ်ကျင်းပခဲ့ပေမဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေဲ့ အခုနှစ်မှာ သနပ်ခါးနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ကို ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ရွှေဘိုသနပ်ခါးအသင်း ဥက္ကဋ္ဌ ဦးကျော်ရဲနိုင်က ပြောပါတယ်။

“သနပ်ခါးနေ့က ဖေဖော်ဝါရီ ၂၆ ရက်မှာကျရောက်တာ။ စစ်အစိုးကိုဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့မှာ ဆန္ဒထုတ်ဖော်တာပါ။ မနက်ဖြန်မှာ ကျနော်တို့ ဘာပွဲမှ မလုပ်ဘူး၊ အမေစုပြန်လာမှ သနပ်ခါးနေ့ကို ကျင်းပတော့မယ်။”

ရွှေဘိုသနပ်ခါးအသင်းက ရွှေဘိုမြို့မစျေးရှေ့မှာ ဆန္ဒပြပြည်သူများ လိမ်းနိုင်ဖို့ သနပ်ခါးတွေ သွေးထားပြီး ပြည်သူလူထုနဲ့အတူ CDM ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ချိုသဲကြည်

A d v e r t i s e m e n t With Us

More News
Up