A d v e r t i s e m e n t With Us

ဖမ်းထားသည့် ပရဟိတသမား ကိုဝေဠုကို ပြန်လွှတ်ပေးရန် ပဒါန်းရဲစခန်းရှေ့ ဆန္ဒပြ

ဖမ်းဆီးခံထားရတဲ့ မေတ္တာရှင် သွေးလှူရှင်များ (အခမဲ့) လူမှုကူညီရေးအသင်းက ကိုဝေဠုကို ပြန်လွှတ်ပေးဖို့ ပဒါန်းရဲစခန်းနဲ့ ငဖဲမြို့မရဲစခန်းရှေ့မှာ ပြည်သူတွေ ဒီနေ့နေ့လယ်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကိုဝေဠု ဟာ ဒီနေ့မနက် ၈ နာရီကျော်လောက်က  ဆိုင်ကယ်စီးလာစဥ်  ပဒါန်းရဲစခန်းရှေ့အရောက်မှာ ရဲတပ်ဖွဲ့က တားဆီးပြီးတော့ ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ကိုဝေဠုဟာ စစ်အာရှင်ဆန်ကျင်ရေးဆန္ဒပြပွဲမှာ ဖမ်းဆီးခံရတာမျိုး မဟုတ်ဘဲ ယခင်ရက်​တွေကတော့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူကို ပြန်လွှတ်ပေးဖို့ ဒေသခံပြည်သူလူထုက ပဒါန်းရဲစခန်းရှေ့မှာ နေ့လယ် ၁ နာရီဝန်းကျင်လောက်က စတင်ကာ တောင်းဆိုခဲ့ကြတာပါ။ ငဖဲမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ကြားသိရတဲ့အတွက် ငဖဲမြို့မရဲစခန်းရှေ့ကိုလည်း ဆက်လက်ချီတက် တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မင်းထီး

A d v e r t i s e m e n t With Us

More News
Up