A d v e r t i s e m e n t With Us

ပဲခူးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သနပ်ခါးတိုက်ပွဲ​ဆင်နွှဲ

စစ်အာဏာရှင်ဆန့်ကျင်ရေး ပဲခူးမြို့က အထွေထွေသပိတ်ဆင်နွှဲသူတွေဟာ ဒီနေ့မနက်ပိုင်းက စစ်ကြောင်းမထွက်ခွာမီ သနပ်ခါးလိမ်းပြီး သနပ်ခါးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။

စစ်အာဏာရှင်ဖြုတ်ချရေးအထွေထွေသပိတ်မှာ ဗကသ၊ တကသ၊ ကျောင်းသားကျောင်းသားတွေ၊ အန်အယ်လ်ဒီပါတီဝင်တွေ ဝန်ထမ်းပေါင်းစုံသမဂ္ဂအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ပြီး ရွှေမော်ဓောကားရပ်နားဝင်းကနေ ကျောက်တွင်းကုန်းမီးပွိုင့်ကနေတဆင့် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ပဲခူးကုတင် ၅၀၀ ဆေးရုံနားမှာ နာရီဝက်လောက် ထိုင်သပိတ်ပြုလုပ်ပြီး နောက် သနပ္ပင်လမ်းကနေတဆင့်ပြန်လာပြီး ရွှေမေည်ဓောဘုရားအနောက်ဘက်မုခ်မှာ လူစုခွဲခဲ့ကြပါတယ်။

ရွှေမော်ဓောဘုရားလမ်းမှာတော့ ထိုင်သပိတ်ပြုလုပ်တဲ့ အဖွဲ့တွေက အစုလိုက် တေးသီချင်းသီဆိုခဲ့ကြတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up