Home
Lead Story
ဆန္ဒပြပွဲဦးဆောင်မှုဖြင့် ဘီးလင်းလွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို အမှုဖွင့်
DVB
·
February 25, 2021
154605993_3885256938191355_7122682506904480477_n

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြပွဲ ဦးဆောင်တယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာလို့ သိရပါတယ်။

ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနှင့်ပြည်နယ်လွှတ်တော် အမှတ်(၂) ကိုယ်စားလှယ် ဦးကျော်မျိုးမင်းတို့ဟာ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ဝတ္တရားတွေကို လုပ်ဆောင်၍မရအောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်စေ လှုံ့ဆော်သည့်ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံခဲ့ရတာပါ။

အမှုဖွင့်တိုင်ကြားခံထားရတဲ့ ဦးကျော်မျိုးမင်းက “ဒေါ်သီရိနဲ့ ကျနော်နဲ့ကို မနေ့ညက အမှုဖွင့်ထားတယ်လို့ ပြောတယ်။  အုပ်ချုပ်ရေးအဖွဲ့က တရားလိုလုပ်ပြီးတိုင်ထားတာပါ။ ကျနော်တို့အနေနဲ့ကတော့ သူတို့လက်ထဲ အဖမ်းခံမှာ မဟုတ်ပါဘူး။ တတ်နိုင်သမျှရှောင်ပြီးတော့ CDM နဲ့ သပိတ်စစ်ကြောင်းအတွက် ဝန်းရံပြီး လုပ်ဆောင်ပေးသွားမယ်။ တကယ်လို့ သူတို့လက်ထဲရောက်သွားရင် အကုန်အဆက်သွယ်ပြတ်ကုန်မှာလေ။ အခုအမှုဖွင့်တာကလည်း ကိုယ်စားလှယ်လို့လည်း မဟုတ်ဘူး။ သပိတ်မှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့အနေထား​နဲ့ ဖွင့်ထားတာ။ သူတို့က အဓိကခေါင်းတွဲတွေကို ဖြုတ်ချင်တဲ့သဘောရှိမယ်” လို့ DVB ကို ပြောပါတယ်။

ဘီးလင်းမြို့နယ်ထဲမှာ တပ်မတော်အာဏာထိန်းသိမ်းမှုအပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ကစတင်ကာ နေ့စဉ်လူအင်အား ၂ ထောင်ဝန်းကျင် ကန့်ကွက်ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024