ရွှေဘိုပြည်သူ့ဆေးရုံ အမြန်ဖွင့်ပေးဖို့နဲ့ CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလိုမရှိကြောင်း ဆန္ဒပြတောင်းဆိုသူတွေကို ဒေသခံတွေက သံပုံးတီး ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘို ဆေးရုံအမြန်ဖွင့်လှစ်ပေးဖို့၊ ကျင့်ဝတ်နဲ့မညီသော ဆရာဝန်တွေအလိုမရှိ၊ CDM ပြုလုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလိုမရှိ၊ နာမကျန်းဖြစ်တဲ့ ဆင်းရဲသားပြည်သူတွေကို ကိုယ်ချင်းစာပါ စသည့်ကြွေးကြော်သံတွေနဲ့ အင်အား ၃၀ လောက်က ဒီနေ့ နေ့လယ် ၁၅ မိနစ်လောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဆန္ဒထုတ်ဖော်ပြီး အပြန်မှာ ဒေသခံတွေ ရောက်လာပြီး သံပုံးတီး ကန့်ကွက်ခဲ့ကြတာလို့ သိရပါတယ်။
ချိုသဲကြည်