Home
မြန်မာသတင်း
မြန်မာ့တပ်မတော်အပါအဝင် စီမံမှုအောက်အဖွဲ့အစည်းများကို Facebook နှင့် Instagram က ပိတ်ပင်
DVB
·
February 25, 2021

မြန်မာ့ တပ်မတော် နဲ့ တပ်မ‌တော် တိုက်ရိုက်စီမံမှုအောက်မှာရှိတဲ့ အစိုးရအဖွဲ့အစည်း နဲ့ သတင်းနှင့်ပြန်ကြားရေး အဖွဲ့အစည်းများကို Facebook နဲ့  Instagram မှာ တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ပြီး တပ်မတော် စီးပွားရေး လုပ်ငန်းများရဲ့ ကြော်ငြာခွင့်ကိုပါ ပိတ်ပင်လိုက်တယ်လို့ Facebook က ဒီနေ့ ကြေညာလိုက်ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း လူသေဆုံးမှုတွေပါဝင်တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီတားမြစ်မှုတွေကို လုပ်ဆောင်ရန်ဖို့လိုအပ်ပြီး တပ်မတော်ကို Facebook နဲ့ instagram မှာ ဆက်ထားဖို့ဆိုတာ အင်မတန် အန္တရာယ်များတဲ့ အခြေအနေတရပ်လို့ ယုံကြည်ကြောင်း ဖေ့စ်ဘွတ်ခ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကုလမသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ၂၀၁၉ အစီရင်ခံစာကိုအခြေခံပြီး တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ ကြော်ငြာခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ တားမြစ်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ တပ်မတော်သတင်းမှန်ပြန်ကြားရေး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV နဲ့ MRTV Live စာမျက်နှာတွေကို မူဝါဒစံနှုန်း ထပ်ခါထပ်ခါဖောက်ဖျက်မှုတွေကြောင့် ဖေ့စ်ဘွတ်ခ်ကနေ ဖယ်ရှားခဲ့ပါသေးတယ်။ 

အခုတားမြစ်မှုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့လို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့လို အများပြည်သူဝန်ဆောင်မှုပေးနေတဲ့ဌာနတွေနဲ့ အဖွဲ့အစည်းတွေ မပါဝင်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၄ ရက်နေ့ကစလို့ ဖေ့စ်ဘွတ်ခ်ကို တိုက်ရိုက်သုံးစွဲလို့မရအောင် တားဆီးပိတ်ပင်ထားတဲ့အပြင် ညစဉ် ၈ နာရီကြာ အင်တာနက်ဖြတ်တောက်မှုတွေလည်း ပြုလုပ်နေတဲ့အပေါ် ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024