Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း အားအလွန်ကောင်းနေပြီဟု မိုးဇလပြော
DVB
·
October 10, 2013
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်း မုန်တိုင်း ဖိုင်လင်း (PHAILIN) ဟာ အားအလွန်ကောင်းနေပြီး၊ မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက် တနာရီမိုင် ၅၀ နှုန်း လေတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သဌာနက ပြောပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ရွှေလျားပြီး အိန္ဒိယနိုင်ငံ၊ ကုန်တိုင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ လောလောဆယ် ခန့်မှန်းထားပေမယ့်၊ မုန်တိုင်းလမ်းကြောင်း ပြောင်းရင်လဲ ပြောင်သွားနိုင်တာမို့ ပြည်သူတွေအနေနဲ့ အခုရက်ပိုင်း မုန်တိုင်းသတင်းကို မပြတ်နားစွင့်ကြဖို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ ကမ်းရိုးတန်းဒေသနေ ပြည်သူတွေ ရေလမ်းက ခရီးသွားတာ၊ ငါးဖမ်းလှေတွေ ပင်လယ်ထွက် ငါးဖမ်းတာတွေ မလုပ်ကြဖို့လဲ သတိပေးထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖိုင်လင်းရဲ့ မုန်တိုင်းဗဟိုချက်မှာ လေတိုက်နှုန်း တနာရီ မိုင် ၈၀ အထိ ရှိနေတယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024