မြို့ခံပြည်သူတွေ ဆန္ဒပြတောင်းဆိုတာကြောင့် မကွေးတိုင်းဒေသကြီး မင်းဘူးရဲစခန်းမှာ ဖမ်းဆီးထားတဲ့သူတွေကို မနေ့ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
CDM မလုပ်တဲ့ ဝန်ထမ်းတွေကို CDM မှာပါဝင်ဖို့ မင်းဘူးပြည်သူ့ဆေးရုံရှေ့ ဆန္ဒပြခဲ့တာကြောင့် အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၃ ယောက် ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေးအတါက် မင်ဘူးမြို့ခံ တရားလွှတ်တော်ရှေ့နေတွေနဲ့ အထက်တန်းရှေ့နေ ၉ ယောက်က လိုက်ပါကူညီ ညှိနှိုင်းခဲ့ကြသလို မြို့ခံပြည်သူတွေရဲ့ဝန်းရံ တောင်းဆိုချက်အရ ပြန်လွှတ်ပေးလိုက်တာလို့ သိရပါတယ်။
မင်းထီး