ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၂ သန်းခွဲကျော်လာ၊ အမေရိကန်နှင့် ဘရာဇီးတွင် အများ ဆုံးဖြစ်

ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးသူစုစုပေါင်း ၂ သန်းခွဲ ကျော်လာခဲ့ပြီဖြစ်ကာ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတွေမှာ သေဆုံးမှု အများဆုံး ဖြစ်နေပါ တယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၂ ဒသမ ၈ သန်း ကျေိာ်နဲ့ ရောဂါပြန်လည်သက်သာလာသူပေါင်း ၈၈ ဒသမ ၄ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၉ သန်းနီးပါး၊ သေဆုံးသူ ၅ သိန်းကျော်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၁ သန်းကျော်၊ သေဆုံးသူ ၁ သိန်းခွဲကျော်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၁၀ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၄ သောင်းကျော်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်း ကျော်၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်၊ အီတလီ၊ တူရကီ၊ ဂျာမနီ၊ ကိုလံဘီယာ၊ အာဂျင်တီးနားနဲ့ မက္ကဆီကိုနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်း ကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

အဲဒီနောက်မှာတော့ ပိုလန်၊ အီရန်၊ တောင်အာဖရိက၊ ယူကရိန်း၊ အင်ဒိုနီးရှား၊ ပီရူး၊ ချက်သမ္မတနိုင်ငံတွေနဲ့အတူ နယ်သာလန်နိုင်ငံမှာပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရ ေအတွက် ၁ သန်းကျော် လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်း ကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၈၆၄ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၈၄ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနိုင်ငံက ရောဂါကူး စက်ခံရသူဦးရေ ၇ သိန်းကျော်၊ အီရတ်နိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၆ သိန်းကျော်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ကူးစက်ခံရသူဦးရေ  ၅ သိန်းကျော်စီနဲ့ အသီးသီးရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၂၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၁,၈၁၆ ယောက်၊ သေဆုံးသူ ၃,၁၉၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၁၃၁,၄၀၅ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၉၁,၇၇၄ ယောက်နဲ့ သေဆုံးသူ ၁,၀၈၈ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၈၉၀ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂၅,၆၉၂ ယောက်နဲ့ သေဆုံးသူအရေအတွက် ၈၃ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၄၁၂ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၅ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၆၃၃ ယောက်နဲ့  ၄၅ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up