Home
မြန်မာသတင်း
ရွေးကောက်ပွဲရလဒ် အမြန်ဆုံးပြန်အကောင်အထည်ဖော်ရန် ဂျပန် - မြန်မာပါလီမန်အမတ်များ တောင်းဆို
ဇော်ဇော်လှိုင်
·
February 25, 2021

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အမြန်ဆုံး ပြန်အကောင်အထည်ဖော်ဖို့ ဂျပန် - မြန်မာပါလီမန်အမတ်များ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက တောင်းဆိုလိုက်ပါတယ်။

မြန်မာအရေးကြားနာပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်လွှတ်တော်အမတ်များအဆောက်အဦမှာ ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပခဲ့ပြီး ဂျပန် - မြန်မာပါလီမန်အမတ်များ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ AISAWA ICHIRO အအိဇဝ အိချီယို ဦးဆောင်တဲ့အဖွဲ့က ၂၀၂၀ ရွေးကောက်ခံ မြန်မာအမတ်များသိက္ခာရှိရှိ အမြန်ဆုံးလွှတ်တော်တက်နိုင်ဖို့ တောင်းဆိုခဲ့တာပါ။

ကြားနာပွဲကို မြန်မာဒီဇိုင်နာနဲ့ ဂျပန်UNHCR မှ ပြည်သူ့ဆက်ဆံရေးအဖွဲ့ဝင်ဖြစ်တဲ့ ရှိဘုယ ဇာနည် ဦးဆောင်တဲ့ ဂျပန်ရောက်မြန်မာတိုင်းရင်းသားလူငယ် ၂၀ ကျော်က လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတို့ကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာနိုင်ငံများအလယ်မှာ အထီးကျန်ဖြစ်သွားနိုင်ပြီး မြန်မာနိုင်ငံ ပြည်သူပြည်သားလူငယ်တွေရဲ့၊ မိမိနိုင်ငံရဲ့ တိုးတက်အောင်မြင်မှုအတွက် အိပ်မက်မက်ပြီး အားထုတ်မှုကို တန်ဖိုးမထားဘဲ ဖျက်ဆီးခဲ့တဲ့ အဖြစ်အပျက် တခုဖြစ်တယ်လို့ အာဏာရ LDP ပါတီရဲ့လွှတ်တော်အမတ်လည်းဖြစ်တဲ့ မစ္စတာ အိချီယိုက ထပ်မံပြောကြားခဲ့ပါသေးတယ်။

ဂျပန် UNHCR က ပြည်သူ့ဆက်ဆံရေးအဖွဲ့ဝင်လည်းဖြစ်တဲ့ ရှိဘုယ ဇာနည်ကတော့ “ပြည်တွင်းက ပြည်သူတွေရဲ့ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုပြီး အားပေးစေချင်တယ်၊ နောက်အောင်မြင်စေချင်တယ်၊ အဲဒါကြောင့်မို့လို့ အခုလို ပါဝင်တင်ပြခဲ့ရတာပါ” လို့ ဒီဗွီဘီကို ပြောပြပါတယ်။

ဂျပန်ရောက် တိုင်းရင်သားမြန်မာလူငယ်တွေက အာဏာသိမ်းမြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ CRPH ကို အသိအမှတ်ပြု ဆက်ဆံဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ အမြန်ဆုံးအကောင်ထည်ဖော်ဖို့ စတဲ့အချက်တွေ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီတောင်းဆိုချက်တွေကို ဂျပန်ဝန်ကြီးချုပ် နဲ့နိုင်ငံခြားရေးဝန်ကြီးဌာန ကို အမြန်ဆုံးတင်ပြဆွေးနွေး အကောင်အထည်ဖော်သွားမယ်လို့ မစ္စတာ အိချီယိုက ကတိပေးပြောဆိုသွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024