ရတနာပုံက တာဝါတိုင်ဆောက်ရန် တင်ဒါခေါ်

အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲပြီးနောက် ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးတဲ့အခါ အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့်ရလာမယ့် ရတနာပုံတယ်လီပို့စ်ဟာ မိုဘိုင်းဖုန်း ကွန်ရက် အတွက် ဆက်သွယ်ရေးတာဝါတိုင်တွေဆောက်ဖို့ တင်ဒါခေါ်ထားကြောင်း ကုမ္ပဏီ တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။ တင်ဒါအတွက် ဟွာဝေး ဇက်တီအီးနဲ့ အဲရစ်ဆင်အပါအ၀င် ကုမ္ပဏီ ၅ ခုက အဆိုပြုလွှာ တင်ထားကြတယ်လို့လည်း သိရပါတယ်။ ကုမ္ပဏီကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းတဲ့လုပ်ငန်း လုပ်ကိုင်ပြီးတာနဲ့ တာဝါတိုင် တည်ဆောက်ရေး တင်ဒါအောင်သူကို ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။ ရတနာပုံတယ်လီပို့စ်ဟာ အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့်ရတဲ့အခါ မိုဘိုင်းဖုန်း ဆင်းကတ် ဈေးနှုန်းနဲ့ ဆက်သွယ်ပြောဆိုခတွေကို အခြားအော်ပရေတာ ကုမ္ပဏီတွေထက် မမြင့်တဲ့ နှုန်းထားနဲ့ ၀န်ဆောင်မှု ပေးသွားမယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up