ထိုင်းနိုင်ငံသို့ တရုတ်ထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး ၂ သိန်း ပထမအသုတ် ရောက်ရှိ

ထိုင်းနိုင်ငံကို တရုတ်ထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး ၂ သိန်း ပထမအသုတ် အနေနဲ့ ရောက်ရှိလာပြီလို့ နေးရှင်းသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။

ဒီကာကွယ်ဆေးတွေကိုတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာနဲ့ ပြည်သူ့ ကျန်းမာရေးဝန်ကြီး အနုတင်ချန်ဗီရာကူလ်တို့က သုဝဏ္ဏဘူမိလေဆိပ်မှာ လက်ခံရယူခဲ့ ကြတာပါ။

ဒီဆေးတွေကိုတော့ ဘေဂျင်းကနေ ဒေသစံတော်ချိန် မနက် ၅.၅၀ နာရီမှာ တီဂျီ-၆၇၅ ကုန်တင်လေယာဉ်နဲ့ စတင်သယ်ဆောင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေ ဆိပ်ဆီ ဒေသစံတော်ချိန် ၁၀.၀၅ မိနစ်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေး ၂ သိန်းကို ထိုင်းဆေးသိပ္ပံဌာန ကာကွယ်ဆေးသို လှောင်ရုံမှာ ထားရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကာကွယ်ဆေးကို လာမယ့် ၃ ရက်အတွင်း ဘမ်ရက်စ်နာရာဒူရာ ကူးစက်ရောဂါ ဆိုင်ရာ အင်စတီကျုဆီ ပထမဆုံးခွဲဝေပေးသွားမှာဖြစ်ပြီး ဝန်ကြီး အနုတင်ကို ပထမဆုံး ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တရုတ်သံရုံးတာဝန်ခံ ယန်ရှင်းရဲ့ ပြောကြားချက်အရ ထိုင်းနိုင်ငံက ဒီကာကွယ် ဆေးတွေကို  စီးပွားဖြစ်အသုံးပြုဖို့ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။       ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၅,၆၉၂ ယောက်နဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူပေါင်း ၈၃ ယောက် ရှိနေတာ ဖြစ်ပါတယ်။

PHOTO CREDIT- THE NATION

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up