လက်နက်မဲ့ ပြည်သူအပေါ် ကျည်ဆန်အစစ်သုံး ပစ်ခတ်မှု လက်မခံဟု G7 နိုင်ငံများ ကြေညာ

စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ကျည်ဆန်အစစ်သုံး ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် လက်မခံကြောင်း G-7 စက်မှုအင်အားကြီး အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးတွေက ကြေညာပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်စွဲနဲ့ အဆိုပါ ထုတ်ပြန်ချက်ကိုတော့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြ တဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်နိုင်ငံတွေက နိုင်ငံခြား ရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့က ထုတ်ပြန်ကြေညာလိုက်တာပါ။

ကြေညာချက်ထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့အပေါ် မြန်မာနိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့ တွေက အကြမ်းဖက်မှုကျူးလွန်တာကို  ပြင်းပြင်းထန်ရှုတ်ချကြောင်း၊ အသက်ဆုံးရှုံးရမှုတွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရ မှာဖြစ်ကာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေကိုလည်း လေးစားလိုက်နာရမှာဖြစ်ပြီး  လက်နက်မဲ့ ပြည်သူတွေအပေါ် ကျည်ဆန်အစစ်သုံးပစ်ခတ်တာကို လက်ခံနိုင်စရာ အကြောင်း မရှိကြောင်းနဲ့ ငြိမ်းချမ်းစွာဆန္ဒပြခြင်းအပေါ် အကြမ်းဖက် တုံ့ပြန်တဲ့ ဘယ်သူမ ဆို အဲဒီအတွက်တာဝန်ခံရမှာဖြစ်ကြောင်း ဖော်ပြထားတာပါ။

အာဏာသိမ်းတာကို ဆန့်ကျင်သူတွေကို ခြိမ်းခြောက်တာ၊ ဖိနှိပ်တာတွေကို ရှုတ်ချ ကြောင်းနဲ့ အင်တာနက်ဖြတ်တောက်တာနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကိုဖိနှိပ်တဲ့ ဥပဒေ တွေပြောင်းလဲတာ အပါအဝင် လွတ်လပ်စွာထုတ်ဖော်တာကို ဖြိုခွင်းမှုတွေနဲ့ ပတ်သက် ပြီး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ဆန္ဒပြသူတွေ၊ ဆရာဝန်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့ သတင်းသမားတွေကို စနစ်တကျပစ်မှတ်ထားတာကို ရပ်တန့်ရမှာဖြစ်သလို အရေးပေါ်အခြေအနေကို ပြန်လည်ရုပ်သိမ်းရမှာဖြစ်ပြီး အားနည်းထိခိုက်လွယ်ဆုံး ပြည် သူတွေကို ကူညီပံ့ပိုးဖို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အပြည့် အဝ ရရှိနိုင်ရေးကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုကို ရှုတ်ချရာမှာ တညီတညွှတ်တည်း ဆက်လက်ရပ်တည်နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် တရားမဝင်ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ခြွင်းချက်မရှိ ချက် ချင်းလွှတ်ပေးဖို့ ထပ်မံတောင်းဆိုထားကာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ရှာဖွေနေတဲ့ မြန် မာပြည်သူလူထုနဲ့အတူ ဆက်လက်ရပ်တည်နေကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို  စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေးလောကသားတွေကစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ ဌာန ပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်သပြေကုန်းအဝိုင်းအနီးမှာ စစ်အာဏာ သိမ်းတာကို ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တဦး ဦးခေါင်း ကျည်ထိမှန် ကျဆုံး သွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ မန္တလေးမြို့၊ ရတနာပုံ သင်္ဘောကျင်းအနီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ပစ်ခတ်တာ ကြောင့် ၂ ဦး ထပ်မံကျဆုံးသွားခဲ့သလို ရန်ကုန်မှာ ညဘက် လုံခြုံရေး ကင်းစောင့်နေတဲ့ ပြည်သူ ၁ ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပါတယ်။

IR-EDU

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up