အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံအစည်းအဝေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ စည်းလုံးညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ UNA ကပြောကြားလိုက်ပါတယ်။
စစ်အာဏာရှင်စနစ်ကို မကြိုက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်တဲ့အ စည်းအဝေးကို မတက်ဘူးလို့ UNA အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးကျော်က ပြောပါတယ်။
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA) ကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး အမျိုးသားကွန်ဂရက်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ အပါအဝင် တိုင်းရင်းသားပါတီ ၁၅ ပါတီနဲ့ ဖွဲ့စည်းထားပါတယ်။
UNA နည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်သူ့ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ကလည်း တွေ့ဆုံပွဲ မတက်ဘူးလို့ ပြောကြားထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူခဲ့ပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က လာမယ့် သောကြာနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေပြည်တော်မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာပါ။