ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး တွေကို အလိုမရှိကြောင်း ရပ်ကွက်၊ကျေးရွာတွေမှာ ဆန္ဒထုတ်ဖော်နေကြပါတယ်။
ညောင်လေးပင်မြို့ မြို့မ ၂ ရပ်ကွက်၊ ရေဖြူကန်ကျေးရွာနဲ့ မဒေါက်မြို့ပေါ် ရပ်ကွက် တချို့မှာ အာဏာသိမ်း စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ အလိုမရှိကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့ ကြတာ ဖြစ်ပါတယ်။
မဒေါက်မြို့မှာလည်း အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက် ၁ နဲ့ ၂ က အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွားတယ်။
ညောင်လေးပင်မြို့မှာလည်း အာဏာသိမ်း စစ်ကောင်စီက ခန့်ထားတဲ့မြို့မ ၁ ရပ်ကွက်က အုပ်ချုပ်ရေးမှူးကတော့ နုတ်ထွက်သွားတယ်လို့ ဆန္ဒပြရာမှာပါဝင်သူတွေက ပြောပါတယ်။
ညောင်လေးပင်မြို့နယ်မှာ ကျေးရွာအုပ်စု ၆၁ အုပ်စု ရှိပြီ အာဏာသိမ်း စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ကျေးရွာအုပ်စုအလိုက် ဆက်လက်ဆန္ဒဖေါ်ထုတ်သွားကြမယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်