A d v e r t i s e m e n t With Us

မန္တလေးဆေးရုံကြီးက CDM ဝန်ထမ်းများအတွက် စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များလှူ

မန္တလေးအထွေထွေရောဂါကုဆေးရုံဝင်းမှာ နေထိုင်တဲ့ အောက်ခြေလုပ်သား CDM ဝန်ထမ်းတွေအတွက် အခြေခံစားသောက်ကုန်နဲ့ ဟင်းသီးဟင်းရွက်တွေ ပရဟိတတွေ လှူဒါန်းပေး ခဲ့တယ်လို့ ဦးဆောင်တဲ့ ပရဟိတအဖွဲ့အစည်းတွေထံက သိရပါတယ်။

ဒီကနေ့ လှူဒါန်းမှုမှာ အလှူရှင်တွေရဲ့ ဝိုင်းဝန်းလှူဒါန်းမှုနဲ့ ဆန်၊ ကြက်သွန်၊ ဘူးသီး၊ ခရမ်းသီး၊ ခဝဲသီး၊ ချဉ်ပေါင်ရွက်၊ ရုံးမတီသီး၊ မုန့်ညှင်း၊ ငရုတ်သီး၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်တွေ လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဝန်ထမ်းမိသားစုဝင် အိမ်ထောင်စု ၂၀၀ အတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေး ခဲ့တာ ဖြစ်ပြီး ငွေကျပ် ခြောက်သိန်းကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း၊ ဓာတ်ပုံ-ဟင်းသီးဟင်းရွက် အလှူ ပရဟိတ အဖွဲ့

A d v e r t i s e m e n t With Us

More News
Up