မိုးကုတ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် သရုပ်ဆောင်နေမင်း ပါဝင်ဆန္ဒပြ
DVB
·
February 23, 2021
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ နေ့စဉ်ရက်ဆက်လုပ်ဆောင်နေရာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာတော့ မြို့သူမြို့သားတွေနဲ့အတူ ရုပ်ရှင်သရုပ်ဆောင်နေမင်းက ဆန္ဒပြတဲ့နေရာမှာ ပူးပေါင်း ပါဝင်လာပါတယ်။
ဆန္ဒပြပွဲမှာ မိုးကုတ်မြို့မှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပူးပေါင်းပြီး အင်အား သောင်းချီပါဝင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပါတယ်။
သတင်း - ဟန်နာထက်အောင်