ဆီဆိုင်မြို့တွင် အာဏာသိမ်းစစ်အစိုးရကို ဝန်ထမ်းနှင့်ပြည်သူများက ဆက်လက်ဆန့်ကျင်ဆန္ဒပြ
DVB
·
February 23, 2021
အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဆီဆိုင်မြို့မှာ ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ ဆရာမတွေ၊ အင်ဂျင်နီယာတွေအပါအဝင် ဒေသခံပြည်သူ လူထုတွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်မနက်မှာ ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒထုတ်ဖော်နေကြပါတယ်။
ရဲနဲ့ စစ်တပ်ရဲ့ လူမဆန်စွာ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်မှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ မြို့ခံလူငယ်တွေက သရုပ်ဖော်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။