ဖြူးမြို့ မော်တော်ကားတစီးပေါ်တွင် ဗုံးတွေ့
DVB
·
October 9, 2013
ပဲခူးတိုင်း ဖြူးမြို့နယ်မှာ မော်တော်ကားတစီးပေါ်ကနေ ဗုံးတလုံး တွေ့ရှိခဲ့တယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
ဖြူးမြို့ လေးရပ်ကွက် စာတိုက်ရှေ့ ဇေယျာဟိန်းကားဂိတ်က ကားတစီးပေါ်မှာ လက်လုပ်ဗုံးအမျိုးအစားဗုံးကို တွေ့ခဲ့တာလို့ ဆိုပါတယ်။
စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (၉၁၁) က ဗိုလ်ကြီးဦးဆောင်တဲ့အဖွဲ့က ဒီနေ့ ညနေ သုံးနာရီခွဲမှာ ဗုံးကို ဖြုတ်ပြီး နယ်မြေခံတပ်ရင်းဧရိယာထဲကို ယူဆောင်သွားပြီး တပ်တွင်းမှာ မြေမြှုပ်ခွဲဖို့ လုပ်နေတယ်လို့ ပြောပါတယ်။
ဗုံးဖြုတ်သယ်ဆောင်အပြီး မိနစ် ၂၀ လောက်အကြာအတွင်း ဖြူးမြို့က ယာဉ်တန်းတွေ ခေတ္တပိတ်သွားတာပဲရှိတယ်လို့ ဆိုပါတယ်။ ဗုံးပိုင်ရှင် ဘယ်သူဘယ်ဝါဆိုတာ မပေါ်ပေါက်သေးဘူးလို့ ပြောပါတယ်။
ဒီဗုံးကို ဒီနေ့ မနက် ဆယ်နာရီခွဲခန့်ကတည်းက စတွေ့ပေမယ့် ညနေသုံးနာရီခွဲမှ လာရောက်ဖြုတ်ယူသွားတာလို့ ဒေသခံတွေက ပြောပြကြပါတယ်။