ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဆွမ်ပရာဘွမ်လမ်းနဲ့ ဆမားလမ်းထောင့် ကျောက်စိမ်းတုံး အနီးမှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၅ နာရီလောက်မှာ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ကြပါတယ်။
ဒီမိုကရစေီ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ပြည်သူပြည်သား တစ်ဦးခြင်းစီနဲ့ ကျန်ရှိနေတဲ့ မိသားစုဝင် တစ်ဦးခြင်းဆီအတွက်၊ မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက်၊ အားလုံးရဲ့ အနာဂတ်အတွက် စစ်မှန်ပြီး၊ တရားမျှတသော အုပ်ချုပ်ရေးစနစ် မြန်မာနိုင်ငံတော်မှာ ပေါ်ထွန်းလာရေးအတွက် ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။
"နိုင်ငံရေးစကား မပြောတတ်ပေမယ့် တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်၊ သာယာဝပြောစေချင်တယ်။ အမေစုကို လွတ်ခိုင်းစေချင်တယ်ပေါ့၊ သူလည်း အသက်ကြီးပြီ။ သူ့ရဲ့ ဦးဆောင်မှုကို ယုံတယ်။ ဒီတခါ ငါးနှစ်လောက်ပဲ ဦးဆောင်ပါစေ၊ ကျမတို့နိုင်ငံ သာယာဝပြောဖို့အတွက် သူ့မှာ စွမ်းရည်ရှိတယ်၊ စိတ်ဓာတ်ရှိတယ်၊ အမြင်ရှိတယ်၊ မျှော်မှန်းချက်ရှိတယ်" လို့ ဆုတောင်းပွဲပါဝင်သူ စစ္စတာတပါး က ပြောပါတယ်။
ဘာသာပေါင်းစုံ ဆုတောင်းပွဲကို လူဦးရေ ၅၀ လောက် ဖယောင်းတိုင်ထွန်း ငြိမ်းချမ်းစွာ ဆုတောင်းခဲ့ကာ ညနေ ၆ နာရီမှာပြီးဆုံးခဲ့ပါတယ်။