ဆီးဂိမ်း အားကစားသမားများကို အာမခံကြေး ကျပ် ၁၀ သန်း စပွန်ဆာပေးမည်
DVB
·
October 9, 2013
မြန်မာနိုင်ငံက အာမခံကုမ္ပဏီတွေ စုပေါင်းပြီး လာမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်မယ့် အားကစားသမားတွေအတွက် ကိုယ်လက်အင်္ဂါ ထိခိုက်မှု အာမခံကြေး ကျပ် ၁၀ သန်းကျော်ဖိုး အကုန်အကျခံ စပွန်ဆာ ပေးသွားမယ်လို့ အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအေးမင်းသိန်းက ပြောပါတယ်။
ပြိုင်ပွဲကို လာရောက်မယ့် အားကစားသမား စုစုပေါင်း ၁ ထောင် ကျော်ရှိပြီး ကိုယ်အင်္ဂါ ထိခိုက်မှု အာမခံကြေးကတော့ အောက်တိုဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ၁ ယောက် ကျပ် ၁ သောင်း ဖြစ်ပါတယ်။
တကယ်လို့ အားကစားသမားဟာ ကိုယ်လက်အင်္ဂါ တစုံတခု ထိခိုက်မှု ဖြစ်မယ်ဆိုရင် အာမခံကြေး အများဆုံး ကျပ် သိန်း ၅၀ ရရှိနိုင်မှာ ဖြစ်ပါတယ်။
စပွန်ဆာကို အာမခံကုမ္ပဏီ ၁၁ ခုက စုပေါင်းပေးတာလို့ ဦးအေးမင်းသိန်းက ပြောပါတယ်။