ဆီးဂိမ်း အားကစားသမားများကို အာမခံကြေး ကျပ် ၁၀ သန်း စပွန်ဆာပေးမည်

မြန်မာနိုင်ငံက အာမခံကုမ္ပဏီတွေ စုပေါင်းပြီး လာမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်မယ့် အားကစားသမားတွေအတွက် ကိုယ်လက်အင်္ဂါ ထိခိုက်မှု အာမခံကြေး ကျပ် ၁၀ သန်းကျော်ဖိုး အကုန်အကျခံ စပွန်ဆာ ပေးသွားမယ်လို့ အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအေးမင်းသိန်းက ပြောပါတယ်။ ပြိုင်ပွဲကို လာရောက်မယ့် အားကစားသမား စုစုပေါင်း ၁ ထောင် ကျော်ရှိပြီး ကိုယ်အင်္ဂါ ထိခိုက်မှု အာမခံကြေးကတော့ အောက်တိုဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ၁ ယောက် ကျပ် ၁ သောင်း ဖြစ်ပါတယ်။ တကယ်လို့ အားကစားသမားဟာ ကိုယ်လက်အင်္ဂါ တစုံတခု ထိခိုက်မှု ဖြစ်မယ်ဆိုရင် အာမခံကြေး အများဆုံး ကျပ် သိန်း ၅၀ ရရှိနိုင်မှာ ဖြစ်ပါတယ်။ စပွန်ဆာကို အာမခံကုမ္ပဏီ ၁၁ ခုက စုပေါင်းပေးတာလို့ ဦးအေးမင်းသိန်းက ပြောပါတယ်။

More News
Up