A d v e r t i s e m e n t With Us

ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှု ခွင့်မလွှတ်ဟု ဂျပန်ပြော

မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၀ ရက်က ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရတာနဲ့ပတ်သက်လို့ ခွင့်မလွှတ်ကြောင်း ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အချက် ၃ ချက် ထုတ်ပြန်ခဲ့ရာမှာ အရပ်သား ပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒမှုကို အကြမ်းဘက်သေနတ်သုံးမှုကို ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချကြောင်းနဲ့ အသက်ဆုံးရှုံးဒဏ်ရာရသူတွေအတွက် ထပ်တူဝမ်းနည်းကြောင်း ပြောဆိုထားပါတယ်။

ဒါအပြင် ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကို သေနတ်တွေနဲ့ အကြမ်းဖက်အင်အားသုံးတာကို ဘယ်သောအခါမျှ သည်းခံခွင့်လွှတ်နိုင်မှာမဟုတ်သလို အရပ်သားတွေအပေါ် အခုလို အကြမ်း ဖက်မှုကို ချက်ချင်းရပ်တန့်ဖို့ အပြင်းအထန်တိုက်တွန်းလိုက်ပါတယ်။

ဆက်လက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထိန်းသိမ်းခံ ထားရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံရေေစနစ်ကို လျင်မြန်စွာ ပြန်လည်ထူထောင်ပေးဖို့ကိုလည်း အာဏာသိမ်းမြန်မာစစ်တပ်ကို ထပ်မံပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ကြေညာချက်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး မစ္စတာ ယိုရှိဒ တိုမိုယူခိက ထုတ်ပြန်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up