ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၉ နာရီမှာ တပ်မတော်ထောက်ခံ ပွဲလုပ်သူများ မြို့တွင်း စီတန်းလှည့်လှည်ခဲ့ကြပါတယ်။
ထောက်ခံပွဲလိုက်သူ မိုးညှင်းသူတဦးက ဘာသာသာသနာအတွက် တပ်မတော်ကို အပြည့်အဝ ထောက်ခံပါတယ်လို့ ဆိုပါတယ်။
ထောက်ခံသူအဖွဲ့ဟာ စုရပ်ထီးလင်းဇာတ်ရုံကြီးမှ စတင်ထွက်ခွာကာ မြို့ထဲဝင်ချိန်မှာတော့ လူအများက သံပုံးတီးခဲ့ကြပါတယ်။
ဒါပေမဲ့ ထောက်ခံသူတွေက မြို့မစျေး သံတံတားလမ်းမီးပွိုင့်မှ နောင်စွန်းတံတားသို့ ဆက်လက်ဖြတ်ကျော်ကာ စုရပ်ထီးလင်းဇာတ်ရုံကို ၉ နာရီ ၃၀ မိနစ် ပြန်သွားခဲ့ကြပါတယ်။
သံပုံးတီးသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေ ရောက်သွားချိန် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြပါတယ်။