လက်ရှိကာလမှာ အမှုရင်ဆိုင်ဖို့နဲ့ အခက်အခဲရှိသူတွေအတွက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေ အထောက်အကူပြုစင်တာက ချိတ်ဆက်ကူညီပေးနေပါတယ်။
ဥပဒေအကြံဉာဏ် အခမဲ့ရယူဖို့အတွက် ရှေ့နေငှားရမ်းဖို့ အခမဲ့ ကူညီပေးနေတဲ့ ရှေ့နေတွေနဲ့ ချိတ်ဆက်ပေးမယ်လို့ သူတို့က ဆိုပါတယ်။
စင်တာရဲ့ တာဝန်ရှိသူတယောက်က “တနိုင်ငံလုံးမှာ ချိတ်ဆက်ထားပါပြီ။ ကူညီပေးမယ်လို့ ပြောထားတဲ့ ရှေ့နေပေါင်း ၂၅၀ ကျော်ရှိပါတယ်။ တဦးတယောက်ချင်း ချိတ်ဆက်ထားတာ ရှိသလို Law Firm အနေနဲ့လည်း ချိတ်ဆက်ထားပါတယ်။ အခုဖြစ်နေတဲ့ နိုင်ငံရေးအမှုတွေနဲ့ CDM လုပ်လို့ ကြုံလာရတဲ့ ကိစ္စတွေအတွက် ကူညီပေးမှာပါ” လို့ ပြောပါတယ်။
အကူအညီ လိုအပ်တယ်ဆိုရင်တော့ ဖုန်း - 09 40 92 64 252 နဲ့ 09 77 42 46 24 8 တို့ကို ဆက်သွယ်နိုင်ပါတယ်။