ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် ၈ နာရီအချိန်ကစတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ အာဏာရှင် စနစ်ကျဆုံးရေး ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေး မြို့ခံ ပြည်သူတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေပူးပေါင်းပြီး လူအင်အား သိန်းချီ ဆန္ဒပြခဲ့ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့လာရောက်ပြီး လူစုခွဲဖို့ပြောဆိုခဲ့ပေမယ့် ပြည်သူတွေ၊ တက္ကသိုလ်ဘာသာပေါင်းစုံ သပိတ်နဲ့ ဆရာ ဆရာမတွေ အားလုံးပေါင်း လူအင်အားသိန်းနဲ့ချီကာ ပုသိမ်မြို့ပေါ်လမ်းတွေကို လှည့်လည် ဆန္ဒပြခဲ့ကြတာပါ။
စစ်အာဏာရှင် ဆန့်ကျင့်ရေးဆန္ဒပြတဲ့စစ်ကြောင်းဟာ မြို့တွင်းလမ်းတွေမှာ လုံခြုံရေးရယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှောင်သွား ခဲ့ပေမယ့် တချို့နေရာတွေမှာ ထိပ်တိုက်တွေ့ဆုံတာတွေရှိခဲ့လို့ ရဲတပ်ဖွဲ့ဝင်နဲ့ ညှိနှိုင်းတာတွေပြုလုပ်ပြီး ရှေ့ဆက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မှာ မြို့ခံပြည်သူနဲ့ ဝန်ထမ်းတွေပူးပေါင်းပြီး လူအင်အားသိန်းချီဆန္ဒပြခဲ့သလို ဧရာဝတီတိုင်းအတွင်းက မြို့နယ်တော်တော်များများမှာ လူအင်အားထောင်နဲ့ချီပြီ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဆိုတဲ့ ဆန္ဒပြတာတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ဒီနေ့ကစတင်ပြီး ပြုလုပ်လာခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ပုသိမ်မြို့မှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးတက်ကြီလှုပ်ရှားသူ ၅ ဦးနဲ့ အလွတ်တန်း သတင်းထောက် ၁ ဦး စုစုပေါင်း ၆ ဦးထိရှိလာခဲ့ပြီဖြစ်ပါတယ်။