ထိုင်းနိုင်ငံတွင် ဘတ်သန်း ၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
October 8, 2013
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင် - ဘန်ကောက် ခရီးသည်တင် ဘတ်စ်ကားတစီးပ်ါမှာ ထိုင်းဘတ်ငွေ ၃၄၅ သန်း တန်ဖိုးရှိတဲ့ ရာဘ (မြင်းဆေး) နဲ့ ဘိန်းဖြူတွေ မနေ့ မနက်ပိုင်းက ဖမ်းဆီးရမိတယ်လို့ ပို့စ်တူဒေး ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
[caption id="attachment_44504" align="alignright" width="300" caption="ဓာတ္ပုံ - posttoday"][/caption]
မြန်မာနယ်စပ်ကနေ မူးယစ်ဆေး တင်ဆောင်လာမယ်လို့ ကြိုတင်သတင်းရထားချက်အရ ထိုင်းမူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ဒေသခံရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး မယ်ဆိုင် - ဘန်ကောက်သွား ဖဟွန်ယိုးထင်း အဝေးပြေးလမ်းမတလျှောက် စစ်ဆေးရေး ဂိတ်တွေကနေ စောင့်ဆိုင်းစစ်ဆေး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ မနက်က ဖယောဝ်းမြို့နယ် မယ့်ကာ ကျေးရွာအုပ်စု မယ့်တမ်ဂိတ်မှာ အဲဒီမူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာလို့ အမှတ် ၅ ဒေသ ထိုင်းရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး ချမ်းနန်း လုတ်လျိုးက ဖယောဝ်းမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီအမှုမှာ ချုတ်လုန့်ထ၀ီးထိုး ကုမ္ပဏီပိုင် ဘတ်စ်ကားပေါ် ပါလာတဲ့ အသက် ၁၇ နှစ် နဲ့ ၂၁ နှစ်ကြား ထိုင်းလူငယ် ၄ ဦးဆီကနေ ရာဘခေါ် မြင်းဆေး စုစုပေါင်း ၁၀၉ ထုတ် (အလုံးရေပေါင်း ၂ သိန်း ၁ သောင်း ၈ ထောင်လုံး) နဲ့ ဘိန်းဖြူ အလေးချိန် ၅၈ ကီလိုဂရမ်၊ ကာလတန်ဖိုး ဘတ် ၃၄၅ သန်း ဖမ်းဆီးရမိတယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။
လူငယ်တွေကို မေးမြန်းစစ်ဆေးချက်အရ မူးယစ်ဆေးတွေကို ချင်းရိုင်းခရိုင်ကနေ ထိုင်းနိုင်ငံအလယ်ပိုင်း အန်ထောင်းခရိုင်ကို အခကြေးငွေယူပြီး ပို့ဆောင်ပေးဖို့ ဖြစ်ကြောင်း၊ ဒါဟာ တတိယအကြိမ်မြောက် သယ်ဆောင်တာဖြစ်ပြီး စုစုပေါင်း ဘတ်သန်း ၁၀၀၀ ဖိုး သယ်ဆောင်ပေးခဲ့ကြောင်း ၀န်ခံပြောကြားခဲ့ပါတယ်။
ဒီမူးယစ်ဆေးဝါးတွေဟာ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ဘတ်ငွေ ၅ သန်းနဲ့ ဆုငွေထုတ်ထားတဲ့ မြန်မာနိုင်ငံက ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူး ယီ့ဆေး ထိန်းချုပ်မြေက လာတယ်လို့ ဒုရဲမှူးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။