Home
မြန်မာသတင်း
ဟုမ္မလင်းမြို့တွင် စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်မှောက်ဆန္ဒပြ
Aung Aung Naing
·
February 19, 2021

ဟုမ္မလင်းမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူများပူးပေါင်းပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာလည်း မြို့တွင်းလမ်းမတွေပေါ်မှာ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

သပိတ်စစ်ကြောင်းမှာ ဌာနဆိုင်ရာဝန်ထမ်းအသီးသီးအပါဝင် ဒေသခံပြည်သူ ၂ သောင်း ဝန်းကျင်ရှိပြီး ချင်းတွင်းမြစ်ကမ်းနားလမ်းမှာလည်း စီတန်းလှည့်လည်ကာ ဖမ်းဆီးခံရသူအားလုံး ပြန်လွှတ်ပေးဖို့နဲ့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြည်သူ့အစိုးရထံ အာဏာပြန်အပ်နှင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

"ဒီမှာက  ဌာနဆိုင်ရာတွေမှာ CDM ပါဝင်လှုပ်ရှားကြတဲ့ ဝန်ထမ်းအသီးသီးပါပါတယ်။ သပိတ်မှာ ဦးဆောင်သူဆိုတာ မရှိပါဘူး။ ဒီမှာပါဝင်သူအားလုံးဟာ ဦးဆောင်သူတွေချည်းပဲ ဖြစ်ပါတယ်။ ‌ဆန္ဒပြသပိတ်မှောက်သူတချို့ကို နောက်ယောင်ခံလိုက်ကြည့်တာတွေလည်း ရှိတယ် " လို့ သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ရှမ်းနီတိုင်းရင်းသားတစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းသပိတ်စစ်ကြောင်းမှာ ရှမ်းနီတိုင်းရင်းသားများလည်း အများပြားပါဝင်ခဲ့ကြကြောင်း သိရပါတယ်။

ရန်နိုင်စိုး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024