Sunday, June 11, 2023
HomeLead StoryCDM ရဲတပ်ဖွဲ့ဝင်များ ပြည်သူလူထုနှင့်အတူ လှည့်လည်ဆန္ဒပြ

CDM ရဲတပ်ဖွဲ့ဝင်များ ပြည်သူလူထုနှင့်အတူ လှည့်လည်ဆန္ဒပြ

အာဏာသိမ်းစစ်အစိုးရကို အာဏာဖီဆန် CDM လုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် တချို့ဟာ ဒီကနေ့ ဖေဖော်ဝါရီလ  ၁၉ ရက်နေ့က  မန္တလေး အမရပူရမြို့နယ်မှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

အမရပူရမြို့နယ်အတွင်းက ဌာနဆိုင်ရာဝန်ထမ်းအများစု ပါဝင်တဲ့ စစ်အာဏာ ဆန့်ကျင်ရေး လူထု ဆန္ဒပြစစ်ကြောင်းနဲ့ အတူ လိုက်ပါ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြတဲ့ CDM ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကို ပြည်သူလူထုက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်။

တခြား ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း CDMကို ရဲရင့်စွာ လုပ်ဆောင်ကြဖို့  အဆိုပါ ရဲတပ်ဖွဲ့ဝင်တွေက ဖိတ်ခေါ်ခဲ့ပါတယ်။

ထိန်ထိန်လင်း

RELATED ARTICLES
- Advertisment -
Google search engine

Most Popular