စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့မှာ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့က စစ်အာဏာရှင်ကို အာဏာဖီဆန်ဆန့်ကျင် ဆန္ဒပြကြတဲ့ CDM ဝန်ထမ်းတွေအတွက် မြို့နေလူထုနဲ့ တောင်သူလယ်သမားတွေက ခြံထွက်သီးနှံမျိုးစုံနဲ့ ငါးခြောက်တွေကို လိုသလောက်ယူ အခမဲ့ ကူညီထောက်ပံ့နေကြပါတယ်။
အခုလိုထောက်ပံ့လာတာ ၃ ရက်ရှိပြီဖြစ်ပြီး CDM ဝန်ထမ်းတွေအတွက် ပြည်သူတွေ အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ကူညီကြတာဖြစ်ပြီးနေ့စဉ်ကူညီသွားကြမှာဖြစ်ကာ ဒီထက် အလှူရှင်များ လာအောင်လည်း ကြိုးစားဆောင်ရွက်နေတယ်လို့ ဦးဆောင်ကူညီသူတွေက ဆိုပါတယ်။
ဝက်လက်မြို့မှာ ဖေဖေါ်ဝါရီ ၈ ရက်နေ့ကစပြီး ဒီကနေ့အထိ ၁၂ ရက်မြောက် ငြိမ်းချမ်းစွာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။
အောင်စံလင်း