A d v e r t i s e m e n t With Us

သာစည်ဘူတာကို မီးရထားမဝင်ရန် ပြည်သူလူထုအင်အား ၃၀၀၀ ကျော် ဆန္ဒပြ

မန္တလေးတိုင်း သာစည်မြို့မှာ ဖေဖော်ဝါရီ ၁၈ ရက်မနက်က  မန္တလေးကနေထွက်လာတဲ့ (RBE) ကားရထား သာစည်ဘူတာမဝင်ဖို့ ဒေသခံ လူအင်အား ၃၀၀၀ကျော်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတစ်ဦးက"သာစည်က မီးရထားဝန်ထမ်းအတော်များများက CDMလုပ်ထားတာပါ။ အဲဒါကြောင့် CDM ဝန်ထမ်းတွေကို ကာကွယ်ရင်း ကားရထားကို ဘူတာမှာ မဝင်ဖို့ ဆန္ဒပြနေတာပါ။ ရထားတွဲတစ်တွဲပဲပါတဲ့ ကားရထားပေါ်မှာ ရဲဝန်ထမ်း ၅၀နဲ့ မန္တလေးမီးရထားရုံးက ဝန်ထမ်း ၃ ဦး ပါတယ် သိရတယ်"လို့ ပြောပါတယ်။

သာစည်ဘူတာအဝင်မြောက်ဘက်ထိပ်ပွိုင့်အလံပြမှာ ကားရထားရပ်ထားရပြီး လူထုက သာစည်ဘူတာဟာ CDMလုပ်ထားတာကြောင့် ကားရထားကို သာစည်ဘူတာကို ဝင်မလာဖို့ သံပုံးတီးတားမြစ်ကြတာပါ။

လူထုအင်အား ၃၀၀၀ကျော်နဲ့ ကားရထားကိုတားမြစ်ထားတာကြောင့် မိတ္ထီလာခရိုင်က ဒိုင်းကိုင်ဆောင်ထားသည့်ရဲတွေ ရောက်လာကာ ကားရထားတစ်လုံးကို အကာအကွယ်ပေးပြီး တဖြည်းဖြည်း သာစည်ဘူတာထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ သာစည်ဘူတာထဲမှာ ၁၀ မိနစ်လောက်နေပြီး ညနေ ၄ နာရီခွဲလောက်မှာ မန္တလေးဘက်ကို ပြန်မောင်းသွားခဲ့ပါတယ်။ သာစည်ပြည်သူလူထုက ကားရထားကို သံပုံးတီးခဲ့တာ ၅ နာရီကြာခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း

A d v e r t i s e m e n t With Us

More News
Up