A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဆရာဝန် ၁ ဦး ပထမဆုံး ကွယ်လွန်

ထိုင်းနိုင်ငံ၊ မဟာဆာရာခမ်ခရိုင်မှာ ဒီကနေ့မနက်ပိုင်းက ဆရာဝန်တဦး ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပြီး ဒါဟာ ထိုင်းဆေးဘက်ဆိုင်ရာဝန်ထမ်းတွေထဲက ပထမဆုံး သေဆုံးမှု ဖြစ်လာခဲ့ပါတယ်။

သေဆုံးသူ ဒေါက်တာ ပန်ညာ ဟန်ဖန်နိဖန်ဟာ အသက် ၆၆ နှစ်အရွယ်ရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုလှိုင်းသစ်မှာ ခရိုင်တွင်း ၁၈ ယောက်မြောက် ကူးစက်ခံခဲ့ရသူ ဖြစ်ပါတယ်။

သူ့ကို လူနာတွေကတဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က အတည်ပြုနိုင်ခဲ့ကာ မဟာဆာရာခမ်ခရိုင်ဆေးရုံမှာ ကုသမှုခံယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့  ခွန်ခရန်ဆေးရုံဆီ လွှဲပြောင်းခဲ့ရပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၅,၁၁၁ ယောက်နဲ့  သေဆုံးသူ ၈၂ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up